Social Icons

Sunday, August 19, 2012

Android စနစ်သုံးဖုန်းများနှင့်ချိတ်ဆက်၍ CCTV ကင်မရာ တပ်ဆင်ထားသောနေရာများအား ကြည့်နိုင်ပြီ

မိမိတို့ရုံး၊ အိမ်အစရှိသည်တို့၌ တပ်ဆင်ထားသော CCTV ကင်မရာများအား Android စနစ်အသုံးပြု မိုဘိုင်းဖုန်းများနှင့်ချိတ်ဆက်ကာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း Billion-bright မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာတစ်နိုင်ငံလုံး မည်သည့်နေရာမှမဆို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊


ထိုသို့ကြည့်ရှုနိုင်ရန်အတွက် Android ဖုန်းတွင် အင်တာနက်ချိတ်ဆက်ထားရန် လိုအပ်ကြောင်း သိရသည်။ “ဥပမာ- အိမ်မှာ CCTV ကင်မရာတပ်ထားတယ်။ ကိုယ်က မြန်မာနိုင်ငံအတွင်း တခြားတစ်နေရာကို ရောက်နေတယ်ဆိုရင် ကိုယ်ရောက်ရှိနေတဲ့နေရာကနေ ကိုယ့်ရဲ့ Android ဖုန်းနဲ့ CCTV တပ်ထားတဲ့ အိမ်ကနေရာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းတာဝန်ရှိသူကပြောသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် Android ဖုန်းများအား Setting ချိန်ရမည်ဖြစ်ကြောင်း သိရသည်။ ယခင်က Desktop, Laptop ကွန်ပျူတာများမှတစ်ဆင့် CCTV တပ်ဆင်ထားသောနေရာများနှင့် ချိတ်ဆက်၍ ကြည့်ရှုနိုင်ရန်ဆောင်ရွက်ခဲ့ဖူးပြီး ယခုပထမဦးဆုံးအဖြစ် Android ဖုန်းများမှတစ်ဆင့် ကြည့်ရှုနိုင်ရန် စမ်းသပ်ရာမှ အောင်မြင်ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။ ယခုလအတွင်းမှစတင်ကာ ၎င်းစနစ်ကို ၀န်ဆောင်မှုပေးသောနေရာများ၌ လာရောက် Setting ချိန်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အသုံးပြုရန်အတွက် အင်တာနက်လိုင်းမြန်နှုန်း 512 MB ရှိရမည်ဖြစ်ကြောင်း သိရသည်။ စတင်အသုံးပြုပါက Username နှင့် Password ရရှိမည်ဖြစ်ကာ IP နံပါတ်အသေဖြစ်ရန် လိုအပ်ကြောင်း သိရသည်။ ၎င်းဝန်ဆောင်မှုကို ဖုန်း-၅၁၅၁၀၄ တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေးသားသူ -အေးဖြူ(http://www.myanmarinternetjournal.com/ )

Related Posts Plugin for WordPress, Blogger...