Social Icons

Monday, August 20, 2012

favicon ထည့်မယ် မိမိဘလော့ထဲကို

ဒီနေ့တော့ ဘလော့သမားတွေအတွက် favicon ထည့်တဲ့ပုံစံလေးကို ပြောပြချင်လို့ပါ..သိပြီးသူတွေအတွက်
မရည်ရွှယ်ပါဘူး။။ကျွန်တော့်တုန်းကလည်း ဘယ်လို့ထည့်ရတယ်ဆိုတာ အစမှာ မသိခဲ့ရပါဘူး နောက်တော့
မှ အဆင်ပြေစွာထည့်နိုင်သွားပါတယ်။ခုက ကျွန်တော် animated favicon လင့်လေးကိုပေးပြီး မိမိကြိုက်တဲ့ ပုံစံ
လေးကို ယူလုပ်လို့ရအောင်ပြပေးပါမယ်..

ဒီထဲက မိမိကြိုက်တဲ့ favicon ကိုယူပြီး html code ကိုယူပါ။

ဒီနေရာမှာ ကျွန်တော်တို့ အပေါ်ဆုံးက ကုဒ်ကိုပဲ ယူရပါမယ် ။။။အလယ်ကကုဒ်ကိုယူရင်တော့ ပုံက animated ပုံမရတော့ပါဘူး။။
သူ့ရဲ့ကုဒ်ကို ယူပြီးရင် ...
1.edit html ကိုသွားပါ။
2.<head>နဲ့ </head> ကြားမှာထည့်ပေးရပါမယ်။ဒါပေမယ့် အများစုလုပ်လို့ရတာက </head>ရဲ့အပေါ်နားက ကပ်ပြီး ခုနားက html ကုဒ်ကို ထည့်ပေးကြတာပါ။
3.တစ်ကယ်လို့များ မိမိပါသာနှစ်သက်တဲ့ပုံနဲ့လုပ်ထားတဲ့ favicon လင့်ရှိတယ်ဆိုရင် ခုကျွန်တော်အောက်မှာအနီနဲ့ပြထားတဲ့ လင့်နေရာမှာ မိမိfavicon link ကိုထည့်ပေးပါခင်ဗျာ..
<!-- iconj.com animated favicon code -->
<link rel="shortcut icon" href="http://www.iconj.com/icon.php?pid=66r9pb4gj2" type="image/x-icon" />
<link rel="icon" href="http://www.iconj.com/gif_icon.php?pid=66r9pb4gj2" type="image/gif" />
<!-- end of iconj.com animated favicon code -->

အားလုံးအဆင်ပြေပါစေခင်ဗျာ..
ခင်မင်လျက်

Related Posts Plugin for WordPress, Blogger...